Global It Chrome™

 

Ubuntu လိုတခြားသော Linux တွေလိုမျိုး Iso File တော်တော်များများကို ဒေါင်းပီသွားရင် ဖွင့်စရာ လိုအပ်လာပါလိမ့်မယ် အဲဒီကောင်ကို Nero နဲ့တော့ ဖွင့်လို့ရပေမယ့် Iso ကို Iso နဲ့ဖွင့်တော့ ပိုကောင်းတာပေါ့ဗျာ။ နောက်တော့ဒီကောင်လေးက Iso နဲ့ ပက်သက်တဲ့ ကောင်တွေကို အခွေပြန်ထုတ်ချင်ရင်လဲပြန်ထုတ်လို့ရပါတယ်။ နောက်တခုကတော့ ပြန်မထုတ်ချင်ရင်တောင်မှပဲ စက်ထဲမှာ ပြန်ပီးတော့ Virtual Drive တခုအနေနဲ့လဲ ပြန်သုံးလို့ရပါတယ် ဒီကောင်လေးက ကောင်းကြိုးတော်တော်များများရပါတယ် ။ လိုအပ်မယ်ထင်ရင်တော့ ဒေါင်းထားလိုက်ပါ ဗျာ ။
ဒေါင်းလုပ်လင့်ကတော့ ...



၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း

Internet Setting ထည့်နည်း
၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ

၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။ ၃ – Mobile networks ထဲကိုဝင်ပါ

၎ – Access Point Names ကိုဝင်ပါ

၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ

၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ

Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel )

APN – #777

Proxy – ဘာမှမထည့်ပါ

Port – ဘာမှမထည့်ပါ

username – mectel@c800.mm

Password – 0000

Server – ဘာမှမထည့်ပါ

MMSC – ဘာမှမထည့်ပါ

MMS Proxy – ဘာမှမထည့်ပါ

MMS Port -ဘာမှမထည့်ပါ

MMC – 414 လို့ပေါ်နေရပါမယ်

MNC – 01 လို့ပေါ်နေရပါမယ်

Authentication Type – PAP or CHAP

APN type – * ( * ဒါလေးပဲရေးလိုက်ပါ )

APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ

ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။

ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း

ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။

၁ – setting ကိုဝင်

၂ – Wireless & Networks ထဲကိုဝင်

၃ – Mobile Network ထဲကိုဝင်

၎ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ

ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်

အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။

Myanmar mobile app.com မှကူးယူဖေါ်ပြခြင်းဖြစ်သည်။